Monday, December 14, 2015

ဆင်းကဒ် အိမ်မက်

တစ်ခါက  ကျွှန်တော့်ရဲ့ တောင်တွင်းသားလေး  facebook  အကောင့် မှာ  ဆင်းကဒ်အိမ်မက် ဆိုတဲ့ ခေါင်းစဉ်နဲ့  စာတမ်း အတိုလေးတွေ ရေးပြီး အပိုင်း  ၆  ပိုင်းခွဲပြီး တင်ဘူးပါတယ် ၊ တောင်တွင်းကြီးနဲ့ ပတ်သက်ပြီး  ဖြစ်ရပ်မှန်ဖြစ်တာ တစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးရဲ့ ဆင်းကဒ် တွေအပေါ် စီမံခန့်ခွဲ မူတွေ အကြောင်း အမှတ်တရ အနေနဲ့  တင်လိုက်ပါတယ် ။


ဆင်းကဒ်အိမ်မက် အပိုင်း ၁

 ဒီနေ့ ၂ ရက် ၉ လ ၂၀၁၄ တောင်တွင်းကြီး မှာတော့ ကမ္ဘ္ဘာပျက် သလားအောင်းမေ့ရတယ် ဥပုတ် အလွန် ဖွင့်ဈေး မြန်မာ့ဆက်သွယ်ရေး က နေပြီး တယ်လီဖုန်းဆင်းကဒ်များ ၁၅၀၀ိ နဲ့ ပြည်သူလူထု လိုသလောက် ရောင်းပေးမယ်ဆိုတဲ့ အိမ်မက် ပေးထားလေ တော့ တစ်ကယ် အောင်းမေ့ပြီး ကျေးလက် တွေကနေတောင်တွင်းကြီးကိုတက်လာလိုက်ကြတာ ဆိုင်ကယ်တွေ ထော်လာဂျီ တွေ ၃ ဘီးတွေ လူတွေ လူတွေ ဟာ ဆင်းကဒ် ရောင်းပေးမယ်လို့ကြေငြာ ထား ကြတဲ့ဆိုင်တွေ ရှေ့ မှာ မဖွင့်ခင်ကတည်းက လူအုပ်ကြီးတွေဖြစ်နေကြပြီ ကြိတ်ကြိတ်တွေကို တိုးလို့ပေါ့ ။

ဆင်းကဒ်အိမ်မက် အပိုင်း ၂

တစ်ကယ်တော့ တယ်လီဖုန်း ဆင်းကဒ် တွေ ဒီလို ဈေးချိုချို နဲ့ဝယ်ခွင့်ရနိုင်ဖို့ဆိုတာ တောင်တွင်းကြီးမြိုသူ မြို့သားတွေမှမဟုတ်ပါဘူး မြန်မာနိုင်ငံသား တွေအဖို့တော့ တစ်ကယ့်ရတောင့် ရခဲ မဟာ အခွင့်အရေးကြီးပါ ဒါ့ကြောင့်လည်း ဒီလို အခွင့်ထူး အခွင့်အရေးကြီးကို လက်လွတ် မခံနိုင်ကြသူ များ အဖို့မှာတော့ မိမိတို့ရဲ့ အခြား သောအလုပ်အကိုင်များကိုပစ်ပြီး မြန်မာငွေကျပ် ၁၅၀၀ိ နဲ့ရောင်းပေးမယ့်ဆိုင်တွေမှာ တန်းစီဆိုတော့လည်း တန်းစီလိုက်ကြရ မှတ်ပုံတင် မိတ္တူ များကြိုထပ်ပြီး တုံကင်ယူကြပါဆိုရင်လည်း မငြင်းကြပါဘူး
 ဒီလိုနဲ့တောင်တွင်းကြီးမြို့သူမြို့သားများဟာ မြို့ရဲ့အနောက်အရပ်မှာရှိနေတဲ့ ပုလဲဂျူ နီယာ မိုဘိုင်းဖုန်း အရောင်းဆိုင်ရှေ့ မှာလူပင်လယ်ကြီး ဖြစ်နေတုံးမှာပဲ အရှေ့ အရပ်မှာရှိတဲ့ ဇင်ယော် စတိုးမှာ mpt ဆင်းကဒ်တွေ ၁၅၀၀ နဲ့ရောင်းနေပြီ တဲ့ဆိုတဲ့အသံလည်းကြားရော လူအုပ်ကြီးတွေဟာ ဆိုင်ကယ်တွေ တစ်ဗျော ဗျော နဲ့ အရှေ့ အရပ်ကိုပြေးကြပြန်လေရော အဲဒီမှာလည်း မျော်လင့်တကြီးစောင့်စားနေတဲ့ ပရိတ်သတ်ကြီးကမှတ်ပုံတင်မိတ္တူ လေးတွေကိုင်ပြီး အနောက်အရပ်မှာလိုပဲ ထွက်မလာသေးတဲ့ ဆင်းကဒ် မျော်နေတဲ့သူတွေပဲတွေ့ရပြန်တော့ ဆိုင်ကယ်တွေနဲ့ အနောက်ပြန်ပြေးလိုက်ကြ အနောက်ကလူတွေကအရှေ့ပြန်ပြေးလိုက်ကြ အဲဒီအချိန်မှာပဲ ထူးထူးခြားခြား ဘယ်တုံးကမှ တာဝန်သိသိ နဲ့ တာဝန်ရှိ တယ်လို့ခံယူပြီး ( ခိုင်း မှလုပ်တာနဲ့ တိုင်တဲ့သူရှိမှလုပ်တာကလွဲရင်ပေါ့ ) တောင်တွင်းကြီးယာဉ်ထိန်း ရဲတပ်ဖွဲ့ ဟာ လမ်းသွားလမ်းလာတွေကို စနစ်တကျ ဖြစ်အောင် လာရောက်ဆောင်ရွက်ပေးတာကိုနွေ ခေါင်ခေါင်မှာ မိုးကြိုးပစ်တာ ကိုမြင်ရသလိုကို မြင်လိုက်ရပါတယ် သြော် တစ်ကယ်ကြီးလားလို့ ကိုယ့်မျက်လုံးကိုပွတ်ကြည့်တုံးရှိသေး ပုလဲဂျုနီယာမှာဆင်းကဒ်တွေ ရောင်းပေးပြီလည်းဆိုရော တောင်တွင်းကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ ဆင်းကဒ် ၁၀ ကဒ် ၀င်ဝယ်သွားပြီးပျောက်သွားလိုက်တာ တစ်နေကုန် အမြီးတောင် မမြင်ရတော့ဝူးဆိုပဲ ဘယ်လူတွေဦးဆောင်ပြီး လုပ်တယ်လို့တော့ ကြောတော့ဝူး ကြောကောင်းဝူး ထင်တယ်နော် ။

ဆင်းကဒ်အိမ်မက် အပိုင်း ၃

ဒီလိုနဲ့ မှတ်ပုံတင်မိတ္တူ လေး ၁ စောင်ပြ ငွေ ၁၅၀၀ိ ပေး ဆင်းကဒ် ၁ ကဒ်ဝယ်သွား ဒါရှင်း ရှင်းလေးပဲ တစ်ကယ်ကြတော့ အဲဒီလိုမရှင်းပါဘူး တစ်ကယ်သုံးခြင်လို့ ဆင်းကဒ် ၀ယ်ကြ တယ် ဆိုတာထက် ၁၅၀၀ိ နဲ့ဝယ်တဲ့ ဆင်းကဒ် ကို အပြင်မှာ အမြတ်ပေးပြီးပြန်ဝယ် တဲ့ပွဲစား တွေစီကို ပြန်သွင်းဖို့ လာတန်းစီကြသူတွေလည်း အများကြီးပါ ပြင်ပပေါက်ဈေး ၁၅၀၀ိ တန်ဆင်းကဒ် တစ်ကဒ် ဟာ ငါးထောင် ခြောက်ထောင် ကနေ ရှစ်ထောင် အထိ အရောင်းအ၀ယ်ဖြစ်ကြ ပေမယ့် ညနေ ပိုင်းမှာတော့ ပေးတဲ့သူက ၁၀၀၀၀ိ/ အထိပေးဝယ်ပေမယ့် ဆင်းကဒ်ရောင်းစရာ မရှိတော့ပါဘူး ဘာလုပ်လို့လုပ်ရမှန်းမသိ တဲ့ သူတစ်ချို့ အလုပ်ကိုယ်စီရသွားပါတယ် ဆင်းကဒ် ရောင်းတဲ့ဆိုင်တွေမှာလည်း ရထားတဲ့ဆင်းကဒ်ခွဲတမ်းတွေ ကုန်သွားကြတဲ့အတွက် လိုခြင်သူများ မှတ်ပုံတင်မိတ္တူ တွေထပ်ထားခဲ့ကြပါ နောက်တစ်ရက်မှာရတဲ့ခွဲတမ်းပေးပါမယ် ဆိုတာ နဲ့နှစ်သိမ့် ပြန်လွှတ်ပြီး ပြန်ချိန်းကြပါတယ်
 ဒီနေရာမှာ တစ်ခုရှင်းပြဖို့လိုတာက အခုပေးနေတဲ့ဆင်းကဒ်များဟာ WCDMA ဆင်းကဒ်များဖြစ်ပါတယ် ချပေးတဲ့ကုမ္ပဏီ က elite ဖြစ်ပါတယ် မြန်မာ့ဆက်သွယ်ရေးက ချပေးပါမယ် လို့ပြောထားတဲ့ ဆင်းကဒ် များဟုတ်မဟုတ် ဆိုတာနဲ့ အရေအတွက် ဘယ်လောက် အထိ အမှန်တစ်ကယ် အသုံးပြု ကြတဲ့ ပြည်သူများ သုံး စွဲခွင့် ရနေကြပြီ ဆိုတဲ့သတင်း အချက်အလက် များကတော့သိရှိခွင့် မရကြသေးပါဘူး

ဆင်းကဒ်အိမ်မက် အပိုင်း ၎

၃ ရက် ၉ လ၂၀၁၄ တောင်တွင်းကြီးမှာတော့ ဘယ် မိုဘိုင်းဖုန်းအရောင်းဆိုင်ကမှ ဆင်းကဒ် ထွက်မလာတော့ပါဘူး 129 fashion shop မှာတော့ ဟန်းဆက် တစ်လုံးဝယ်ရင် WCDMA ဆင်းကဒ် ၁ ကတ် လက်ဆောင်ပေးတယ် ဆိုပေမယ့် ဟန်းဆက် ၁လုံး ရဲ့ အနည်းဆုံးဈေး ငါးသောင်း ခြောက်သောင်းဆိုတဲ့ ဈေးက အခုမှ ဆင်းကဒ်ရော ဟန်းဆက်ရော ၀ယ်မယ့်သူတွေ အနေနဲ့ ကိစ္စမရှိပေမယ့် ဟန်းဆက် ၀ယ်ထားပြီးသားရှိသူတွေနဲ့ ဟန်းဆက်တစ်လုံးကို တစ်သောင်းခွဲ နှစ်သောင်းထက် ပိုပြီး မတတ်နိုင် သူများအတွက်ကတော့ ဒီနည်းလမ်းကလည်း အဆင်မပြေလှပါဘူး ဇင်ယော် စတိုးမှာတော့ မနေ့ကတည်းက လာထပ်ထားတဲ့ မှတ်ပုံတင် မိတ္တူ တွေက ရှစ်ရာ ကိုးရာလောက် ရှိနေတဲ့ အချိန်မှာ ရလာတဲ့ ဆင်းကဒ် ခွဲတမ်းက ၇၀ တည်းဖြစ်နေလို့ ဘယ်သူ့လက်ထဲ ဘယ်လိုထည့်ပေးရမှန်းမသိနဲ့ ဝေခွဲရခက်နေတုံးပါပဲ ဒီလိုနဲ့ ဆင်းကဒ် ကလေး ၁ ကဒ်ရရဆိုပြီး မနက်ကတည်းက လာထိုင်စောင့်နေသူများအတွက် စနေနေ့ကိုပြန်ချိန်းပြီး ပြန်လွှတ်လိုက်ရတာနဲ့ပဲ အဆုံးသတ်သွားကြပါတယ် ဒါနဲ့ပဲဆင်းကဒ်လိုခြင်သူတွေဟာ ကိုယ့်အိမ်ကိုပြန်သွားကြလေသတည်း ဆိုလျှင်တော့ မှားပါတယ် ဘယ်သူမှ မိမိတို့ အိမ် ကို မပြန်ကြပါဘူး ဆင်းကဒ် ၁ ကဒ်တော့ပါမှ အိမ်ပြန်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်တွင်းကြီး မြို့ပေါ် ဆင်းကဒ် ရနိုင်တဲ့နေရာတွေမှာ ခြေချင်းလိမ်နေတော့တာပါပဲ အဲဒီ ၃ ရက် ၉ လ ၂၀၁၄ မှာတော့ ဆင်းကဒ် ၁ ကဒ်ရဲ့ ပြင်ပ ပေါက်ဈေးဟာ မြန်မာငွေ ကျပ် တစ်သောင်း နှစ် ထောင် အထိဖြစ်သွားပြီး များများလိုခြင် ရင်လည်း မရနိုင်ပါဘူး ရရှိတဲ့ သတင်းများ အရတော့ ELite မှာပင်လျှင် WCDMA ဆင်းကဒ်များ ထပ်မံ ထုတ်ပေးခြင်း မပြု နိုင်တော့သလို ဆင်းကဒ် အရောင်းများ ခေတ္တ ရပ်နားထားတယ်ဆိုတာနဲ့ ယခုထွက်ရှိ လာတဲ့ WCDMA ဆင်း ကဒ်များဟာ အာရှမီဂ္ဂလင့် ကုမ္ပဏီ ဘက်ကထွက်လာတယ်ဆိုတာပါပဲ မြန်မာနိုင်ငံ အစိုး ရရဲ့ ၁၅၀၀ိ တန်ဆင်းကဒ်များ ကို တိုင်းဒေသကြီးအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမူး များမှတစ်ဆင့်ပြည်သူလူထုကို မဲနိုက်ပြီး ချပေးထားရာကနေ ယခုလကစပြီး လုပ်ပိုင်ခွင့် ရထားတဲ့ကုမ္ပဏီများကတစ်ဆင့် သက်ဆိုင်ရာ ဖုန်းဆိုင်တွေမှာ လွတ်လပ်စွာ ၀ယ်ယူနိုင်ပြီ ဆိုတာရဲ့ အစ ဖြစ်ပါတယ် တစ်ကယ်တော့ လူတိုင်းလူတိုင်း တယ်လီဖုန်းဆင်းကဒ်တစ်ကဒ်ကို မြန်မာငွေ ၁၅၀၀ိ နဲ့ တယ်လီဖုန်းရောင်းနေတဲ့မည်သည့်ဆိုင်မှာမဆို လွတ်လွတ် လပ်လပ် အမှန်တစ်ကယ် ၀ယ်ယူ အသုံးပြုနိုင်ဖို့အတွက် တစ်ချိန်ချိန်တော့ ဖြစ် လာမှာပါ ယခုတော့ အော်ရီဒူး ဆင်းကဒ်တွေ လွတ်လွတ်လပ်လပ် ၀ယ်ယူရရှိနိုင်ကြပေမယ့်လည်း မြန်မာနိုင်ငံရဲ့ နေရာအနှံအပြားမှာတော့နေရာတိုင်းပြောလို့မရဘူးဆိုတာနဲ့ ဟန်းဆက်တိုင်းမှာ အလုပ် မလုပ်ဘူး ဆိုတာ က တယ်လီဖုန်းသုံးစွဲသူများ အတွက် ကြီးမားတဲ့ အတားအဆီးကြီး ဖြစ်နေဆဲပါ။

ဆင်းကဒ် အိမ်မက် အပိုင်း ၅

ဆင်းကဒ်တစ်ကဒ်ကို ပြင်ပပေါက်ဈေး တစ်သောင်း နှစ်ထောင်ဟာ တစ်ခါက GSM ဆင်းကဒ်တစ်ကဒ်ရဖို့ ရန်ကုန်မှာ မြေညီထပ်တိုက်ခန်း ၂ ခန်းနဲ့ လဲခဲ့ကြရတဲ့ ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့အတွေ့ အကြုံ ရှိခဲ့ဘူးသူတွေဆိုတော့ လည်း ဒီဈေးဟာ တန်နေသေးတာပဲ ဒါပေမယ့် ခက်တာကလိုသလောက် ရောင်းမပေးနိုင်ပါဘူး တစ်ကယ်တော့တောင်တွင်းကြီးဆိုတဲ့မြို့ဟာ ကျေးရွှာအုပ်စုပေါင်း ၇၂ အုပ်စုနဲ့ ကျေးရွှာ ပေါင်း ၂၈၀ ၀န်းကျင်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့မြို့ တစ်မြို့ဖြစ်ပါတယ် ဒါကြောင့်လည်းကျေးလက်နေပြည်သူတွေရဲ့ဆင်းကဒ်လိုအပ်ချက်ဟာ ကြီးမားလှပါတယ် တစ်ချို့ ရွှာတွေဆိုရင် ကျွှန်တော်ကတော့ ဘယ်ရွှာကကျေးရွှာအုပ်ချုပ်ရေးမူးပါ ကျွှန်ော်တို့ရွာမှာတော့ အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ် အဲဒီ ၁၂၀၀၀ိ ဈေးနဲ့ ဆင်းကဒ် ၃၀၀ ရောင်းပေးပါ တစ်အိမ်ကို တစ်လုံး ၀ယ်ခိုင်းလိုက်လို့ပါ တိုင်းဒေသကြီး ခွဲတမ်းများ အစီအစဉ် ဆင်းကဒ် စီမံချက် ပြီးသာသွား ရော မြို နယ်အုပ်ချုပ်ရေးမူးစီက နေ တစ်လုံးမှခွဲတမ်းမရလိုက်ပါဘူးဗျာ ဆိုတဲ့ ရွှာတွေ လည်း အလျိုအလျိုထွက်လာပါလေရော ဒါပေမယ့် သူ က နှစ်သောင်းပေးပါမယ်ဆိုလည်း ဆင်းကဒ်မှ ရောင်းစရာမရှိတာကို ဘယ်လိုလုပ်ပြီးပေးလို့ရမလဲ ငွေနန်းစိုး လဘက်ရည်ဆိုင်မှာ ဆင်း ကဒ်တစ်ကဒ်ကို ၁၂၀၀၀ိ/ နဲ့ ရောင်းနေတဲ့အချိန် ဆင်းကဒ် ၁ ကဒ်ကို ၁၅၀၀ိ နဲ့ ရောင်းပေးနေတဲ့ ပုလဲ ဂျူနီယာရှေ့မှာ ဆင်းကဒ်ဝယ်တဲ့ပွဲစားက ၁၃၀၀၀ိ နဲ့ကောက်ပြီး မန္တလေး ကို ၂၀၀၀၀ိ နဲ့ပို့ပေးရတယ်

ဆင်းကဒ်အိမ်မက် အပိုင်း ၆ နိဂုံးပိုင်း

မြန်မာ့ဆက်သွယ်ရေး အမ်ပီတီ သည် မည်သည့်နက္ခတ်မိလေသည် မသိ ဆက်သွယ်ရေးဝန်ကြီးမှစ၍ ဟိုးအောက်ခြေ၀န်ထမ်းများအထိ အလုပ်အကိုင် ၀င်ငွေ ရှာဖွေပေးလေသည် ယခုတောင်တွင်းကြီးတွင်ကား ဆိုက္ကားဆရာများ ဆိုက္ကားမနင်းကြတော့ မှတ်ပုံတင် မိတ္တူ များ ခွန်နှစ်ရွှက် ရှစ်ရွှက် ကူးကာ ဆင်းကဒ် တစ်ကဒ်လျှင် ၁၅၀၀ိ ဖြင့် ၀ယ်ယူရရှိရေးအတွက်မိုဘိုင်းဖုန်းဆိုင်များသို့လှည့်၍် မိတ္တူ ထပ် တုံကင်ယူသည့် အလုပ်ကို သွားရောက်လုပ်ကိုင်လေတော့သည် ဆိုင်ကယ် ကယ်ရီသမားများလည်း ကယ်ရီမဆွဲ တော့  အချို့ သော နေ့စား လုပ်သားများ အလုပ်မဆင်းကြတော့ ၁၅၀၀ိ ဖြင့်ဆင်းကဒ် ၀ယ်ယူ ရရှိရေး တို့အရေး ဖြစ်သွားလေသည် အဘယ့်ကြောင့်နည်း မိုဘိုင်းဖုန်းဆိုင်များအနီးတွင် တုံကင် နံပတ်ပင်လျှင် ၃၀၀၀ိ ဖြင့် အရောင်း အ၀ယ်ဖြစ်နေလေပြီ တုံကင်နံပတ် ၁၀ ခုရလျှင် မှတ်ပုံတင်မိတ္တူ ၁၀ စောင် ရင်း၍ငွေ ၃၀၀၀၀ိ အထိ ရကြသူများရှိဖူးလေသည် ပြည်သူများအတွက် ၀င်ငွေကောင်း သော အလုပ်အကိုင် အခွင့်အလမ်းများ အား အမ်ပီတီ မှ ဖန်တီးပေးလေသည် ဒါကလည်းပုံသေတော့ ပြောမရ အချို့ ၇ ရွှက် လောက် ထပ်ထားပေမယ့် တစ်နေ့ တာကုန်သွားသည် ကိုယ့်အလှည့် ရောက် ကာနီးမှ ဆင်းကဒ် ကုန်သွားပြီဆိုတာကိုလည်း ရင်ဆိုင်ရဲ ရမည် နောက်တစ်မျိုး မှာ တစ်သောင်း တန် ငွေဖြည့် ကဒ် ၂ ကဒ် ၀ယ်လျှင် ဆင်းကဒ် ၁ ကဒ် ရောင်းပေးသည့် စံနစ်ဖြစ်သည် ဒါကလည်း ၀ယ်ခြင်တိုင်းတော့ ၀ယ်မရ မှတ်ပုံတင် မိတ္တူ ထပ်၍ တုံကင်တော့ ယူရပါသည် ပြင်ပတွင် ၁၀၀၀၀ိ တန်ငွေဖြည့်ကဒ်အား ၉၀၀၀ိ / ၉၅၀၀ိ ဖြင့် ပြန်ဝယ်နေသော အဖွဲ့ ကလည်း အဆင်သင့် ကဲ ဘယ်လောက်အဆင်ပြေလိုက်သလဲ
 သတင်းများကြည့်လျှင် မြန်မာ့ ဆက်သွယ်ရေး မှ ဆင်းကဒ် ၅ သန်း ထုတ်မည်ဆိုသည့် လေပေါင်ကြီး ကလည်းမလျှော့ သေး အော်ရီဒူး ကလည်း မြန်မာတစ်နိုင် ငံ လုံးအား ဆင်းကဒ် ၉ သန်းဖြင့် လွှမ်းခြုံ ထားလေသည်ဟု အကျယ်ကြီး ထအော်လေသည် တယ်လီနောကလည်း လွန်စွာ အဆင်ပြေစေရပါမည်ဟု ရေဗူး လှူပ်ပြထားသည် ၎င်းတို့ပြောသမျှ လက်တွေ့ ဖြစ်မလာသေးသ၍တော့ မြန်မာပိုစ် အင်န် တယ်လီကွန်မြူ နီကေးရှင်း အမ်ပီတီ ခေါ် မြန်မာ့ ဆက်သွယ် ရေးမှ ဆင်းကဒ်များ သည်ကား အယက် အကန် ခံ လို့ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက် ပါပဲ ဟုပြောရင်း မြန်မာပြည်သူလူထု၏ ၁၅၀၀ိ တန်ဆင်းကဒ်များ အိမ်မက် မက် နေခြင်းအား နိဂုံးချုပ်လိုက်ရပါသည်ခင်ဗျား ။ ။
 အားလုံးကိုကျေးဇူးတင်ပါသည်

Wednesday, July 9, 2014

ဖေ့စ်ဘုတ်ကို ပိတ် ခြင် သတဲ့လား


ဖေ့စ်ဘုတ် ကို ပိတ်မတဲ့လား  ?
 အခုတစ်လော  ဖေ့စ်ဘုတ်နဲ့ ပတ်သက်ပြီး နိုင် ငံ တော်အဆင့် စိတ်ဝင် စား မူခံနေရပါတယ်    ဖေ့စ်ဘုတ်ကို ပိတ်မယ် ဆိုတဲ့ အသံ တွေ ရော   ဖေ့စ်ဘုတ် ကို ၂၄  နာရီ စောင့်ကြည့်နေပါတယ် ဆိုတာတွေ ရော   အ ကောင့် အတု  အ ကောင့်ပုန်းတွေ ကို ဖေါ်ထုတ် အ ရေးယူဖို့ အတွက် ဖေ့စ်ဘုတ် ကုပ္မဏီ နဲ့ ရော  google   နဲ့ပါ ဆွေးနွေး ညှိနိုင်း နေပါတယ် လို့  ၈ ရက် july ၂၀၁၄  မှာ နိုင် ငံတော်သမ္မတရုံး က ညွှန်ကြားရေးမူး ဦးဇော် ဋ္ဌေး နဲ့  VOA အင် တာဗျုးမှာ နားထောင် လိုက် ရ ပါတယ်
          ဒါက တပိုင်းပါ     ဘာပဲဖြစ်ဖြစ်
အခု ပြောဆို ဆောင် ရွှက် နေကြတဲ့ လူမူကွန်ယက် ဝဘ် ဆိုက် တွေနဲ့ပတ်သက်ပြီး  လိုင်းတွေပိတ် ဖို့ ကျိုးပမ်းကြတာတွေ   လိုင်းတွေကို  နှေးသွားအောင် စီမံဆောင် ရွှက်ကြ တာတွေ  နဲ့  သမ္မတ သစ်ဦးသိန်းစိန် လက်ထက်မှာဖြစ်ပွားနေတဲ့ အကြမ်း ဖက်မူ တွေ အ ပေါ်မှာ  လူမူကွန်ယက် က သွေးထိုးလှုံဆော် မူတွေကြောင့်ပါလို့ လက်ညိုးထိုးပြ နေတဲ့ အ ပေါ်မှာ ကျွှန်တော်အမြင် ကို အနည်းငယ်ပြောပြချင် ပါတယ်
         အကြမ်းဖက်မူ့တွေကို ထိန်းသိမ်းရမှာမှန်ပါတယ်  ဒါပေမယ့် လူမူကွန်ယက် တွေရဲ့ သွေးထိုး လှုံဆော်မှု ကြောင့် အကြမ်းဖက်မူတွေဖြစ်နေရပါတယ်လို့ ပြောတာကိုတော့ လက်မခံဘူး ဗျ  တစ်ကယ်တော့ အင် တာနက် ရယ်  လူမူ့ကွန်ယက်တွေ ရယ်နဲ့  မြန်မာနိုင် ငံသားတွေ ရင်းနှီးလာတာ မ နေ့ တစ်နေ့ကမှပါ   နိုင် ငံတော် အ နေနဲ့ နိုင် ငံသားတွေအပေါ်မှာ  ဒီထက်  ဒီထက်  အသုံးပြု သူတွေ ပိုများလာအောင်  အင် တာနက်လိုင်း တွေ ဒီထက်ပိုပြီးမြန်ဆန် လာအောင်  ဆောင် ရွှက်ပေးနေဖို့ပဲရှိတယ်လို့မြင် ပါတယ်
       ကောင်းပြီ  အင် တာနက်ကသတင်းမှား တွေကြောင့် ပဋိပက္ခကြီး ပိုကြီးပြီး အ ခြေအ နေ တွေဟာ ပိုမို ဆိုးရွှားလာရပါတယ်  ဆိုတာလည်း မဟူတ်သေးဘူးဗျ   အင် တာနက်ဆိုတာ  သတင်းမှား တစ်ခုထဲ တင် လို့ရတာလား  ဆိုတဲ့ မေးခွန်းကို ဖြေကြည့်ဖို့လိုပါလိမ့်မယ်
     အ ကောင့် တစ်ခုက  သတင်းမှား တင် လိုက်တဲ့ အချိန်   ကောလဟလ သတင်း တစ်ခုကို အကြားနဲ့ တင် လိုက်တဲ့ အချိန်  အင် တာနက်လိုင်းက ကောင်းပြီး တက်သွားရော        အဲဒီသတင်းဟာ မဟုတ်ပါဘူး    သတင်းအမှန် က  ဒီလိုပါ ဆိုတာကို တင် မယ့်သူ အလှည့်လည်းရောက်ရော လိုင်းက ဘယ်လိုမှ  မတက်တော့      သတင်းမှားကပြန့် သွားပြီး  သတင်းမှန်က အချိန်နဲ့ တစ်ပြေးညီ တက်မလာတော့ဘူး   အထူးသဖြင့်  ပြည်ပ နိုင် ငံ တွေမှာ  အွန်လိုင်းသုံးသူများ နဲ့ မြန်မာနိုင် ငံ အတွင်းက နေအွန်လိုင်းသုံးသူများရဲ့ အဓိကကွာခြားချက်ပါ
        နောက်တစ်ချက်က  ဧရိယာ တစ်ခုမှာ  ဖြစ်ပျက်သွားတဲ့ဖြစ် စဉ်တစ်ခု  လိုင်းပေါ်မှာ တက်လာပြီဆိုတာနဲ့ သက်ဆိုင် ရာ အဖွဲ့ အစည်း အသီးသီး ချက်ခြင်း တုံ့ပြန်ဖြေရှင်းနိုင် ရပါမယ်    ဥပမာ  ဘာသာခြားတွေနဲ့ပတ်သက်သက်တဲ့ မုဒိမ်း  မူ့တစ်ခု လိုင်းပေါ်တက်လာပြီဆိုပါ စို့    သက်ဆိုင် ရာအဖွဲ့ အစည်း တွေ အ နေနဲ့  ဘယ်လိုပုဒ်မ တွေတပ်ပြီး ဘယ်လို အ ရေးယူမူတွေဆောင် ရွှက်ထားပါတယ် ဆိုတာကို  ထင် သာ မြင် သာနဲ့ ချက်ချင်း သတင်းစာရှင်းလင်းပွဲလုပ်တာမျိုး  ဖြစ် ရပ်မှန်ကိုလိုင်း ပေါ်တင် တာမျိုး တို့ လုပ်လို့ရပါတယ်
          နိုင် ငံတော်သမ္မတရုံးမှလူကြီး မင်းများကို အသိပေးလိုသည် မှာ အမိနိုင် ငံတော်ကြီး တိုးတက် ရာ တိုးတက်ကြောင်းများကို  လူကြီးမင်းတို့သာလျှင် မဟုတ် နိုင် ငံသူ နိုင် ငံသားများမှာလည်း တိုင်းပြည် ဖွံဖြိုး တိုးတက် စေလိုသော ဆန္ဒ ပြင်းပြကြသူများ သာဖြစ်ပေသည်    ထို့ အပြင် အင် တာနက် နှင့်   လူမူကွန်ယက်များသည်     ယခုထက် ပိုမိုဖွံဖြိုး လာပါက  အောက်ခြေ ပြည်သူ လူထု နှင့်  အစိုး ရ အဖွဲ့ ကြားတိုက် ရိုက် ဆက်သွယ် နိုင် သည့် တစ်ခု တည်းသော တစ်ခု တည်းသော လမ်း ကြောင်းဖြစ်နေ ကြောင်းပါ
      သို့ဖြစ်ပါ၍   ယ နေ့ အချိန်တွင် မြန်မာပြည် အ နေဖြင့် ကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင် ကာ ဆက်သွယ်ရေး  အဆင့်မြှင့်သထက် မြှင့်ကြရမည့် အချိန်တွင်  အင် တာနက်လိုင်းများးအား နှေးကွေးသွားရန် အားတက်သ ရော ဆောင် ရွှက်နေကြခြင်း   ပြည်သူအများ သုံးစွဲလျှက် ရှိသော လူမူ့ ကွန်ယက်များအား   ပိတ်ဆို့ရန် ကြံစီခြင်းများသည်  တိုင်းပြည် ဖွံဖြိုးတိုးတက် ရေးအတွက်  မလုပ်အပ်  မကြံစည် အပ်သော ဆောင် ရွှက်ချက်များဖြစ်နေပါ၍  ယခုဆောင် ရွှက်ချက်များအား သတိကြီးကြီးထား၍ ပြန်လည်သုံးသပ်ဆင်ခြင် သင့်ပါကြောင်း တင်ပြအပ်ပါသည်  ။

Friday, December 27, 2013

ကျွှန်တော်တွေးမိသည်မှာ

ဒီ ဘလော့ လေးကို စလုပ်ဖြစ်တဲ့ ရည်ရွှယ်ချက် ကတော့  တောင်တွင်းကြီးနဲ့ ပတ်သက်တဲ့ ကျွှန်တော် တစ်ဦးထဲရဲ့ အတွေးသက်သက်ကို ရေးခြင်တာပါ ။ ဒါပေမယ့် ကျွှန်တော် မရေးဖြစ်ပါဘူး ။နောက်စာရိုက်ရတာ အတော်ပျင်းတဲ့ကောင် ၊ အဲဒီတော့ ပြီးရောပေါ့ ၊
        စားဝတ်နေရေးတွေ မိသားစုတာဝန်တွေ ကြားထဲမှာပဲ  တစ်ရက်ပြီးတစ်ရက် နဲ့ အချိန်တွေကလည်းတစ်ရွှေ့ရွှေ့ ကုန်ပါတယ် ။ နောက် သတိထားမိတာကတော့ တစ်ချို့ တွေဝင်ဝင်ဖတ်ဖြစ်နေတာတွေ့ရပါတယ် ။ဘာမှ မတင်ဖြစ်တော့ အားနာတယ် ။ ဒီလိပ်စာကို ဖျက်
သိမ်းပြစ်ဖို့ ဆိုပြန်တော့ လည်း မလုပ်ရက်ဘူး ။
          ရေးခြင်တာကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေတော့ မဟုတ်ပါဘူး ။ တောင်တွင်းကြီးမြို့ကိုပြောင်းလာကြတဲ့ အာဏာပိုင်တွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ ၊တိုးတိုး တိတ်တိတ်ပေမယ့် သေခြာနေတဲ့ သတင်းတွေ ၊ ရည်ရွှယ်ချက်ကပြုပြင်စေခြင်တာပါ ၊ ဒါပေမယ့်ဗျာ မြန်မာ
နိုင်ငံမှာက  အာဏာပိုင် ဆိုသူတွေ ( ခေတ်အဆက်ဆက် ကိုရည်ရွှယ်ပါသည် ) လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရှိ
နေတဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နိုင်ငံသူနိုင်ငံသားများအပေါ်မှာ အကျိုးကျေးဇူးပြုတာထက်  ဆင်းရဲဒုက္ခ
များကိုသာ လိုသလောက် ထုတ်လုပ်ပေးနိုင်တဲ့ သူတွေသာ ခေတ်အဆက်ဆက် ပေါ်ထွန်း နေပါတယ်။
        မြန်မာနိုင်ငံထဲမှာပါဝင်နေတဲ့ တောင်တွင်းကြီးမြို့ ဟာလည်း ဒီလိုပါပဲ ။  ပြောရရင် ကိုယ့် အတွက် ဘယ်လောက် အကျိုးအမြတ်ကျန်မလဲ ဆိုတဲ့ တွက်ကိန်းမှာ သေခြာသွားပြီဆိုတော့ မှ လုပ်ငန်း တစ်ခုဟာ
အကောင်အထည် မြင်ရပါတယ် ၊ စေတနာ အလျှောက် ဆောင်ရွှက်ခဲ့တာလားဆိုတဲ့ မေးခွန်းကိုမေးခဲ့ရင်တော့၊ ကျွန်တော့် အမြင်ပြောရရင် မဟုတ်ဘူး
လို့ဘဲရှင်းရှင်းလင်းလင်း မြင်ထားပါတယ် ။ မိမိကိုယ်တိုင်သော်၎င်း ဆွေမျိုးသားခြင်း ပတ်သက်ရာ ပတ်သက်
ကြောင်းများရဲ့ အကျိုး အမြတ် အတွက်သော် ၎င်း ဆောင်ရွက်ကြပါတယ် ၊ ဒီနေ့ တောင်တွင်းကြီး မှာတော့
 ၂၀၁၅  အိမ်မက်တွေ မစားရ၀ခမန်း မက်နေကြလေသည် ၊ အမတ်ရူး ၊ ၀န်ကြီးရူး ၊ သမ္မတရူး ၊အထိပါသည်
တောင်တွင်းကြီးသားများခေတ်မီသည်ဟုဆိုရမည်။ အင်အားကြီးပါတီကြီးများ မှပါတီဝင်များ အမတ်နေရာ
လုကြသည့်အနံ့များ မြို့ထဲတွင် တစ်လှိုင်လှိုင်ဖြင့် သင်းပြန့်နေပြီ ၊ အချို့ကား ရာသက်ပန် မသေမခြင်းအမတ်  ၊ ရာသက်ပန်မသေမခြင်း ၀န်ကြီး ၊ ထိုသို့ဖြစ်လာရေးအတွက် ဖေါ်ရှိုးများ ၊ လေထဲတွင်
အမြှောက်ဖေါက်ပွဲများ ၊ ကျင်းပပြုလုပ်နေကြပြီ ၊ မြို့သူ မြို့သားအချို့ကားဤအရာကို အမှန်ဟု ထင်နေကြသည် ၊ကျွှန်တော် တွေးမိသည်မှာ မြန်မာတစ်နိုင်ငံလုံး
ယခု တောင်တွင်းကြီးမြို့ကဲ့သို့သော မြို့များနှင့်ချည်းသာဖွဲ့စည်းထားသော နိုင်ငံတော်ကြီးဖြစ်နေသည်ဟု
ဆိုခဲ့ပါလျှင် ---------------

Wednesday, January 30, 2013

ငွေ ငွေ ငွေ လောကမှာလေ ငွေ



လောကနီတိလာငွေနှင့်ပတ်သက်၍ ကုန်းဘောင်ခောတ်နှောင်းတွင်ထင်ရှားခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သော ဖိုးသူတော် ဦးနု၏ သရော်စာလို့ပြောပြော သတိပေးစာဆိုဆို ဆုံးမစာခေါ်ခေါ်လင်္ကာတစ်ပုဒ်စပ်ဆိုခဲ့ဖူးသည်။
           ဒင်္ဂါး ၊ ဒင်္ဂါး ၊ ယင်းစကားမတော့  ဘင်္ဂလားခေါ် ၊ မျက်နှာပွင့်ဆေး သူပါရင်အေးတာမို့ ၊ အနုဆေးလို့လည်းခေါ်ကြပါရဲ့ ၊ မော်ချင်မော် ၊ကြွားချင်ကြွား ၊ စားချင်စား ၊သောက်ချင်သောက် ၊ စိတ်ရောက်သမျှကိုယ်ပါ ၊ လိုရာပြည့်စုံ့ ၊ လူပုံကလည်းချော ၊ အပြောလည်းကောင်း ၊ အရောင်းလည်းတတ် ၊ အမြတ်လည်းပါ ၊ အရာလည်းရ ၊ မဒ , လည်းများ ၊ စပါးလည်းရှိ ၊ အသိကလည်း လွန်ရိုသေ ၊ မိတ်ဆွေကလည်းအလွန်ချစ် ၊ အပြစ်ရှိသမျှပျောက်လို့ကွယ် ၊ အမျိုးအနွယ်တောင်မြင့်မြတ် ၊ အရပ်ရပ် လူ  နတ်  ၊ လူမော် လူပေါ် ၊ လူဆင့်၍ ဒင်္ဂါးမြင်ရင်ဖြင့် ကျော်ရော့ ၊ တော် တော် မဟုတ် ၊ ဟိတ်ကိုထုတ်ရမှာဖြင့်  ၊ တရုတ်သော ကုလားသော ဒင်္ဂါးပြရင် - ဘာဘူ ၊ နူနူရွှဲရွှဲ ၊ မည်းမည်းဖြူဖြူ    အဖေလောက်မက ၊ အဘိုးလောက်ပင်ကျသော်လည်း ၊ ဒင်္ဂါးပြရင် ကြည်ဖြူရော့ ၊ ဇမ္ဗူတွင်အညွှန့် ၊ တွန့်တွန့် တိုတို ၊ ဆိုဆို ဆဲဆဲ ၊  တစ်ရက်မချာ ၊ အသက်သာအောင် ၊ အရက်ပါတွဲအုံးတော့ ခွဲဖို့ဖြင့်မကြံ ၊ နှိပ်စက်သမျှ ၊  စိတ်လက်ချလို့မို့ ၊ အစစခံပါရဲ့ ၊ အမှန်စကား  ၊ သူမရှိလျှင် လူကဝိတောင် ပြားရမယ် ၊ မယားကလည်းမရိုသေ ၊ မိတ်ဆွှေကလည်းမျက်နှာလွှဲ ၊ လူမွှဲမို့လည်းဂုဏ်မရှိ ၊ အသိကလည်းမခေါ်ချင် ၊ စိတ်ထင်တိုင်းမပြီး ၊သားသမီးကိုမှဆုံးမလို့မရ ၊ လူအဖို့မပြောနိုင် ၊ မောမိုင်လို့တစ်ခွေခွေ ၊ သည်ငွေအရှာကြပ်တာမို့ ၊တစ်မတ်ကို တစ်ဆယ်ထင်မိ ၊ တစ်ကယ်ပင် ခင်ဗျားနှယ် ရှားရန်တော့ ၊ မရပါလျှင်ဘယ်ဟာစားရပ ၊ တစ်သပြာအလကားမှတ်မဲ့မသုံးချင်ဘု ၊ကျူပ်တို့လင်ရှာနိုင်လို့ မရှားပါတဲ့ ဟောသည်ဒင်္ဂါး သည်ဒင်္ဂါးရယ်လို့ ၊ လက်ဝါးပေါ်တင်ကာပြသည့်နှယ် ၊ လောကတွင် အညွှန့်ထားလို့မို့ ၊ ဒင်္ဂါးကိုတယ်မသုံးကြနင့် ၊ တစ်သက်လုံးမွဲပြာကျ၍ လူတစ်ကာအောက်တစ်လွှားမှာ ဆင်းရဲသားဖြစ်တတ်ပါတယ် ၊ တောင်း၍စား ဒင်္ဂါးမတွယ် ၊ ပိုက်ဆံပျက်ကဝယ်တတ်ပါတယ် ၊ မော်ရင်ကြွားရင်ဒင်္ဂါးကုန်မယ် ၊ အသွယ်သွယ် ဘယ်တွင်မမှားရအောင် ၊ မောင်မင်းကြီးကိုဒင်္ဂါး စဉ်းစား၍ သုံးတော်မူကြပါ ၊ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ။

Friday, January 18, 2013

ငါရှိနေတဲ့ ငါနေတဲ့မြို့


ငါဟာဒီမြို့လေးမှာမွေးခဲ့တယ်
ဒီမြို့လေးမှာပျော်တယ်
ဒီမြို့လေးမှာ
ကာရာအိုကေဆိုင်တွေမရှိဘူး
စူပါ မားကတ်မရှိဘူး
FTTH  မရှိဘူး
MAX WILL  မရှိဘူး
RED LINK မရှိဘူး
ADSL  မရှိဘူး
ဒါပေမယ့် I P  STAR  ရှိတယ်
SKY NET  ရှိတယ်  အဲဒါနဲ့
အင်တာနက် ကဖေးတွေရှိတယ်
မိုဘိုင်း ဖုန်းနဲ့သုံးတဲ့အင်တာနက် လိုင်းရှိတယ်
ဒီမြို့လေးမှာ
ကသာပ ဘုရားရှင်ရဲ့ဓါတ်တော်တွေရှိတယ်
ဘာမှ လုပ်စားမဖြစ်တဲ့ မြို့ကွက်သစ် တစ်ခုရှိတယ်
လက်စမသတ်နိုင်သေးတဲ့ မြို့နယ်ခန်းမကြီးရှိတယ်
ခေတ်တစ်ခေတ် မှာကျော်ကြားခဲ့တဲ့
ပေလေးပင် ရှင်လေးပါး ဆိုတာရှိတယ်
မျက်မှောက်ခေတ်မှာ
ပန်းချီ ဆွဲတဲ့သူ သီချင်းဆိုတဲ့သူ ကဗျာရေးတဲ့သူတွေရှိတယ်
ထန်းရည် အစစ်သောက်လို့ရတဲ့ထန်းတော ရှိတယ်
ဘီယာအစုံ ယမကာအကုန်ရှိတယ်
မြို့ပေါ်ကို ဈေးလာဝယ်တဲ့ ရွှာကားတွေရှိတယ်
- --  ---- ---- -----  ရှိတယ်
-----------------------ရှိတယ်
-----------------------------------ရှိတယ်
အေး  ---- ဟုတ်တယ်   ငါ နေတဲ့မြို့မှာ
ငါ ရှိနေခြင်းကသာ  အရေး အကြီးဆုံး ရှိခြင်းဖြစ်တယ် ။။  ။။

Sunday, June 24, 2012

အလွမ်းတွေနဲ့ ငါ

မြက်ခင်းစိမ်းစိမ်းတွေကို လွမ်းတယ် 
ကောင်းကင်ပြာပြာကြီးကို  လွမ်းတယ်
လေနုရိုင်းရိုင်းတွေကို  လွမ်းတယ်
ဟိုးအဝေးက ခေါ်သံ တစ်ချို့
ပဲ့တင်သံတွေကို  လွမ်းတယ်
အဆုံးမဲ့တဲ့ကောင်းကင်
မိုးကုပ်စက်ဝိုင်းကြီးကိုလွမ်းတယ်

Thursday, June 21, 2012

နေ့တွေ ၊ ညတွေ

ဒီလိုနဲ့ပဲ အချိန်တွေ ဟာ တစ်ရွှေ့ရွှေ့
ဘ၀တွေဟာထပ်တူမဖြစ်ခဲ့
အဲသဟာတွေကို ဂုဏ် လို့ ခေါ်ခဲ့ကြသလား
ဒါမှမဟုတ် ၊မာန ၊အတ္တ ၊သံယောဇဉ်
အဲဒီအချိန်တွေက တစ်ဘ၀စာ
မှတ်လောက်သားလောက်
သင်ခန်းစာတစ်ပွေ့တစ်ပိုက်ကြီးပိုက်လို့
အဲသလိုနဲ့နေ့တွေ ညတွေ
ဘ၀တွေ