Wednesday, July 9, 2014

ဖေ့စ်ဘုတ်ကို ပိတ် ခြင် သတဲ့လား


ဖေ့စ်ဘုတ် ကို ပိတ်မတဲ့လား  ?
 အခုတစ်လော  ဖေ့စ်ဘုတ်နဲ့ ပတ်သက်ပြီး နိုင် ငံ တော်အဆင့် စိတ်ဝင် စား မူခံနေရပါတယ်    ဖေ့စ်ဘုတ်ကို ပိတ်မယ် ဆိုတဲ့ အသံ တွေ ရော   ဖေ့စ်ဘုတ် ကို ၂၄  နာရီ စောင့်ကြည့်နေပါတယ် ဆိုတာတွေ ရော   အ ကောင့် အတု  အ ကောင့်ပုန်းတွေ ကို ဖေါ်ထုတ် အ ရေးယူဖို့ အတွက် ဖေ့စ်ဘုတ် ကုပ္မဏီ နဲ့ ရော  google   နဲ့ပါ ဆွေးနွေး ညှိနိုင်း နေပါတယ် လို့  ၈ ရက် july ၂၀၁၄  မှာ နိုင် ငံတော်သမ္မတရုံး က ညွှန်ကြားရေးမူး ဦးဇော် ဋ္ဌေး နဲ့  VOA အင် တာဗျုးမှာ နားထောင် လိုက် ရ ပါတယ်
          ဒါက တပိုင်းပါ     ဘာပဲဖြစ်ဖြစ်
အခု ပြောဆို ဆောင် ရွှက် နေကြတဲ့ လူမူကွန်ယက် ဝဘ် ဆိုက် တွေနဲ့ပတ်သက်ပြီး  လိုင်းတွေပိတ် ဖို့ ကျိုးပမ်းကြတာတွေ   လိုင်းတွေကို  နှေးသွားအောင် စီမံဆောင် ရွှက်ကြ တာတွေ  နဲ့  သမ္မတ သစ်ဦးသိန်းစိန် လက်ထက်မှာဖြစ်ပွားနေတဲ့ အကြမ်း ဖက်မူ တွေ အ ပေါ်မှာ  လူမူကွန်ယက် က သွေးထိုးလှုံဆော် မူတွေကြောင့်ပါလို့ လက်ညိုးထိုးပြ နေတဲ့ အ ပေါ်မှာ ကျွှန်တော်အမြင် ကို အနည်းငယ်ပြောပြချင် ပါတယ်
         အကြမ်းဖက်မူ့တွေကို ထိန်းသိမ်းရမှာမှန်ပါတယ်  ဒါပေမယ့် လူမူကွန်ယက် တွေရဲ့ သွေးထိုး လှုံဆော်မှု ကြောင့် အကြမ်းဖက်မူတွေဖြစ်နေရပါတယ်လို့ ပြောတာကိုတော့ လက်မခံဘူး ဗျ  တစ်ကယ်တော့ အင် တာနက် ရယ်  လူမူ့ကွန်ယက်တွေ ရယ်နဲ့  မြန်မာနိုင် ငံသားတွေ ရင်းနှီးလာတာ မ နေ့ တစ်နေ့ကမှပါ   နိုင် ငံတော် အ နေနဲ့ နိုင် ငံသားတွေအပေါ်မှာ  ဒီထက်  ဒီထက်  အသုံးပြု သူတွေ ပိုများလာအောင်  အင် တာနက်လိုင်း တွေ ဒီထက်ပိုပြီးမြန်ဆန် လာအောင်  ဆောင် ရွှက်ပေးနေဖို့ပဲရှိတယ်လို့မြင် ပါတယ်
       ကောင်းပြီ  အင် တာနက်ကသတင်းမှား တွေကြောင့် ပဋိပက္ခကြီး ပိုကြီးပြီး အ ခြေအ နေ တွေဟာ ပိုမို ဆိုးရွှားလာရပါတယ်  ဆိုတာလည်း မဟူတ်သေးဘူးဗျ   အင် တာနက်ဆိုတာ  သတင်းမှား တစ်ခုထဲ တင် လို့ရတာလား  ဆိုတဲ့ မေးခွန်းကို ဖြေကြည့်ဖို့လိုပါလိမ့်မယ်
     အ ကောင့် တစ်ခုက  သတင်းမှား တင် လိုက်တဲ့ အချိန်   ကောလဟလ သတင်း တစ်ခုကို အကြားနဲ့ တင် လိုက်တဲ့ အချိန်  အင် တာနက်လိုင်းက ကောင်းပြီး တက်သွားရော        အဲဒီသတင်းဟာ မဟုတ်ပါဘူး    သတင်းအမှန် က  ဒီလိုပါ ဆိုတာကို တင် မယ့်သူ အလှည့်လည်းရောက်ရော လိုင်းက ဘယ်လိုမှ  မတက်တော့      သတင်းမှားကပြန့် သွားပြီး  သတင်းမှန်က အချိန်နဲ့ တစ်ပြေးညီ တက်မလာတော့ဘူး   အထူးသဖြင့်  ပြည်ပ နိုင် ငံ တွေမှာ  အွန်လိုင်းသုံးသူများ နဲ့ မြန်မာနိုင် ငံ အတွင်းက နေအွန်လိုင်းသုံးသူများရဲ့ အဓိကကွာခြားချက်ပါ
        နောက်တစ်ချက်က  ဧရိယာ တစ်ခုမှာ  ဖြစ်ပျက်သွားတဲ့ဖြစ် စဉ်တစ်ခု  လိုင်းပေါ်မှာ တက်လာပြီဆိုတာနဲ့ သက်ဆိုင် ရာ အဖွဲ့ အစည်း အသီးသီး ချက်ခြင်း တုံ့ပြန်ဖြေရှင်းနိုင် ရပါမယ်    ဥပမာ  ဘာသာခြားတွေနဲ့ပတ်သက်သက်တဲ့ မုဒိမ်း  မူ့တစ်ခု လိုင်းပေါ်တက်လာပြီဆိုပါ စို့    သက်ဆိုင် ရာအဖွဲ့ အစည်း တွေ အ နေနဲ့  ဘယ်လိုပုဒ်မ တွေတပ်ပြီး ဘယ်လို အ ရေးယူမူတွေဆောင် ရွှက်ထားပါတယ် ဆိုတာကို  ထင် သာ မြင် သာနဲ့ ချက်ချင်း သတင်းစာရှင်းလင်းပွဲလုပ်တာမျိုး  ဖြစ် ရပ်မှန်ကိုလိုင်း ပေါ်တင် တာမျိုး တို့ လုပ်လို့ရပါတယ်
          နိုင် ငံတော်သမ္မတရုံးမှလူကြီး မင်းများကို အသိပေးလိုသည် မှာ အမိနိုင် ငံတော်ကြီး တိုးတက် ရာ တိုးတက်ကြောင်းများကို  လူကြီးမင်းတို့သာလျှင် မဟုတ် နိုင် ငံသူ နိုင် ငံသားများမှာလည်း တိုင်းပြည် ဖွံဖြိုး တိုးတက် စေလိုသော ဆန္ဒ ပြင်းပြကြသူများ သာဖြစ်ပေသည်    ထို့ အပြင် အင် တာနက် နှင့်   လူမူကွန်ယက်များသည်     ယခုထက် ပိုမိုဖွံဖြိုး လာပါက  အောက်ခြေ ပြည်သူ လူထု နှင့်  အစိုး ရ အဖွဲ့ ကြားတိုက် ရိုက် ဆက်သွယ် နိုင် သည့် တစ်ခု တည်းသော တစ်ခု တည်းသော လမ်း ကြောင်းဖြစ်နေ ကြောင်းပါ
      သို့ဖြစ်ပါ၍   ယ နေ့ အချိန်တွင် မြန်မာပြည် အ နေဖြင့် ကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင် ကာ ဆက်သွယ်ရေး  အဆင့်မြှင့်သထက် မြှင့်ကြရမည့် အချိန်တွင်  အင် တာနက်လိုင်းများးအား နှေးကွေးသွားရန် အားတက်သ ရော ဆောင် ရွှက်နေကြခြင်း   ပြည်သူအများ သုံးစွဲလျှက် ရှိသော လူမူ့ ကွန်ယက်များအား   ပိတ်ဆို့ရန် ကြံစီခြင်းများသည်  တိုင်းပြည် ဖွံဖြိုးတိုးတက် ရေးအတွက်  မလုပ်အပ်  မကြံစည် အပ်သော ဆောင် ရွှက်ချက်များဖြစ်နေပါ၍  ယခုဆောင် ရွှက်ချက်များအား သတိကြီးကြီးထား၍ ပြန်လည်သုံးသပ်ဆင်ခြင် သင့်ပါကြောင်း တင်ပြအပ်ပါသည်  ။

No comments:

Post a Comment