Friday, December 27, 2013

ကျွှန်တော်တွေးမိသည်မှာ

ဒီ ဘလော့ လေးကို စလုပ်ဖြစ်တဲ့ ရည်ရွှယ်ချက် ကတော့  တောင်တွင်းကြီးနဲ့ ပတ်သက်တဲ့ ကျွှန်တော် တစ်ဦးထဲရဲ့ အတွေးသက်သက်ကို ရေးခြင်တာပါ ။ ဒါပေမယ့် ကျွှန်တော် မရေးဖြစ်ပါဘူး ။နောက်စာရိုက်ရတာ အတော်ပျင်းတဲ့ကောင် ၊ အဲဒီတော့ ပြီးရောပေါ့ ၊
        စားဝတ်နေရေးတွေ မိသားစုတာဝန်တွေ ကြားထဲမှာပဲ  တစ်ရက်ပြီးတစ်ရက် နဲ့ အချိန်တွေကလည်းတစ်ရွှေ့ရွှေ့ ကုန်ပါတယ် ။ နောက် သတိထားမိတာကတော့ တစ်ချို့ တွေဝင်ဝင်ဖတ်ဖြစ်နေတာတွေ့ရပါတယ် ။ဘာမှ မတင်ဖြစ်တော့ အားနာတယ် ။ ဒီလိပ်စာကို ဖျက်
သိမ်းပြစ်ဖို့ ဆိုပြန်တော့ လည်း မလုပ်ရက်ဘူး ။
          ရေးခြင်တာကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေတော့ မဟုတ်ပါဘူး ။ တောင်တွင်းကြီးမြို့ကိုပြောင်းလာကြတဲ့ အာဏာပိုင်တွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ ၊တိုးတိုး တိတ်တိတ်ပေမယ့် သေခြာနေတဲ့ သတင်းတွေ ၊ ရည်ရွှယ်ချက်ကပြုပြင်စေခြင်တာပါ ၊ ဒါပေမယ့်ဗျာ မြန်မာ
နိုင်ငံမှာက  အာဏာပိုင် ဆိုသူတွေ ( ခေတ်အဆက်ဆက် ကိုရည်ရွှယ်ပါသည် ) လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရှိ
နေတဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နိုင်ငံသူနိုင်ငံသားများအပေါ်မှာ အကျိုးကျေးဇူးပြုတာထက်  ဆင်းရဲဒုက္ခ
များကိုသာ လိုသလောက် ထုတ်လုပ်ပေးနိုင်တဲ့ သူတွေသာ ခေတ်အဆက်ဆက် ပေါ်ထွန်း နေပါတယ်။
        မြန်မာနိုင်ငံထဲမှာပါဝင်နေတဲ့ တောင်တွင်းကြီးမြို့ ဟာလည်း ဒီလိုပါပဲ ။  ပြောရရင် ကိုယ့် အတွက် ဘယ်လောက် အကျိုးအမြတ်ကျန်မလဲ ဆိုတဲ့ တွက်ကိန်းမှာ သေခြာသွားပြီဆိုတော့ မှ လုပ်ငန်း တစ်ခုဟာ
အကောင်အထည် မြင်ရပါတယ် ၊ စေတနာ အလျှောက် ဆောင်ရွှက်ခဲ့တာလားဆိုတဲ့ မေးခွန်းကိုမေးခဲ့ရင်တော့၊ ကျွန်တော့် အမြင်ပြောရရင် မဟုတ်ဘူး
လို့ဘဲရှင်းရှင်းလင်းလင်း မြင်ထားပါတယ် ။ မိမိကိုယ်တိုင်သော်၎င်း ဆွေမျိုးသားခြင်း ပတ်သက်ရာ ပတ်သက်
ကြောင်းများရဲ့ အကျိုး အမြတ် အတွက်သော် ၎င်း ဆောင်ရွက်ကြပါတယ် ၊ ဒီနေ့ တောင်တွင်းကြီး မှာတော့
 ၂၀၁၅  အိမ်မက်တွေ မစားရ၀ခမန်း မက်နေကြလေသည် ၊ အမတ်ရူး ၊ ၀န်ကြီးရူး ၊ သမ္မတရူး ၊အထိပါသည်
တောင်တွင်းကြီးသားများခေတ်မီသည်ဟုဆိုရမည်။ အင်အားကြီးပါတီကြီးများ မှပါတီဝင်များ အမတ်နေရာ
လုကြသည့်အနံ့များ မြို့ထဲတွင် တစ်လှိုင်လှိုင်ဖြင့် သင်းပြန့်နေပြီ ၊ အချို့ကား ရာသက်ပန် မသေမခြင်းအမတ်  ၊ ရာသက်ပန်မသေမခြင်း ၀န်ကြီး ၊ ထိုသို့ဖြစ်လာရေးအတွက် ဖေါ်ရှိုးများ ၊ လေထဲတွင်
အမြှောက်ဖေါက်ပွဲများ ၊ ကျင်းပပြုလုပ်နေကြပြီ ၊ မြို့သူ မြို့သားအချို့ကားဤအရာကို အမှန်ဟု ထင်နေကြသည် ၊ကျွှန်တော် တွေးမိသည်မှာ မြန်မာတစ်နိုင်ငံလုံး
ယခု တောင်တွင်းကြီးမြို့ကဲ့သို့သော မြို့များနှင့်ချည်းသာဖွဲ့စည်းထားသော နိုင်ငံတော်ကြီးဖြစ်နေသည်ဟု
ဆိုခဲ့ပါလျှင် ---------------

No comments:

Post a Comment