Friday, January 18, 2013
ငါရှိနေတဲ့ ငါနေတဲ့မြို့
ငါဟာဒီမြို့လေးမှာမွေးခဲ့တယ်
ဒီမြို့လေးမှာပျော်တယ်
ဒီမြို့လေးမှာ
ကာရာအိုကေဆိုင်တွေမရှိဘူး
စူပါ မားကတ်မရှိဘူး
FTTH မရှိဘူး
MAX WILL မရှိဘူး
RED LINK မရှိဘူး
ADSL မရှိဘူး
ဒါပေမယ့် I P STAR ရှိတယ်
SKY NET ရှိတယ် အဲဒါနဲ့
အင်တာနက် ကဖေးတွေရှိတယ်
မိုဘိုင်း ဖုန်းနဲ့သုံးတဲ့အင်တာနက် လိုင်းရှိတယ်
ဒီမြို့လေးမှာ
ကသာပ ဘုရားရှင်ရဲ့ဓါတ်တော်တွေရှိတယ်
ဘာမှ လုပ်စားမဖြစ်တဲ့ မြို့ကွက်သစ် တစ်ခုရှိတယ်
လက်စမသတ်နိုင်သေးတဲ့ မြို့နယ်ခန်းမကြီးရှိတယ်
ခေတ်တစ်ခေတ် မှာကျော်ကြားခဲ့တဲ့
ပေလေးပင် ရှင်လေးပါး ဆိုတာရှိတယ်
မျက်မှောက်ခေတ်မှာ
ပန်းချီ ဆွဲတဲ့သူ သီချင်းဆိုတဲ့သူ ကဗျာရေးတဲ့သူတွေရှိတယ်
ထန်းရည် အစစ်သောက်လို့ရတဲ့ထန်းတော ရှိတယ်
ဘီယာအစုံ ယမကာအကုန်ရှိတယ်
မြို့ပေါ်ကို ဈေးလာဝယ်တဲ့ ရွှာကားတွေရှိတယ်
- -- ---- ---- ----- ရှိတယ်
-----------------------ရှိတယ်
-----------------------------------ရှိတယ်
အေး ---- ဟုတ်တယ် ငါ နေတဲ့မြို့မှာ
ငါ ရှိနေခြင်းကသာ အရေး အကြီးဆုံး ရှိခြင်းဖြစ်တယ် ။။ ။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment