Friday, December 27, 2013

ကျွှန်တော်တွေးမိသည်မှာ

ဒီ ဘလော့ လေးကို စလုပ်ဖြစ်တဲ့ ရည်ရွှယ်ချက် ကတော့  တောင်တွင်းကြီးနဲ့ ပတ်သက်တဲ့ ကျွှန်တော် တစ်ဦးထဲရဲ့ အတွေးသက်သက်ကို ရေးခြင်တာပါ ။ ဒါပေမယ့် ကျွှန်တော် မရေးဖြစ်ပါဘူး ။နောက်စာရိုက်ရတာ အတော်ပျင်းတဲ့ကောင် ၊ အဲဒီတော့ ပြီးရောပေါ့ ၊
        စားဝတ်နေရေးတွေ မိသားစုတာဝန်တွေ ကြားထဲမှာပဲ  တစ်ရက်ပြီးတစ်ရက် နဲ့ အချိန်တွေကလည်းတစ်ရွှေ့ရွှေ့ ကုန်ပါတယ် ။ နောက် သတိထားမိတာကတော့ တစ်ချို့ တွေဝင်ဝင်ဖတ်ဖြစ်နေတာတွေ့ရပါတယ် ။ဘာမှ မတင်ဖြစ်တော့ အားနာတယ် ။ ဒီလိပ်စာကို ဖျက်
သိမ်းပြစ်ဖို့ ဆိုပြန်တော့ လည်း မလုပ်ရက်ဘူး ။
          ရေးခြင်တာကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စ တွေတော့ မဟုတ်ပါဘူး ။ တောင်တွင်းကြီးမြို့ကိုပြောင်းလာကြတဲ့ အာဏာပိုင်တွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ ၊တိုးတိုး တိတ်တိတ်ပေမယ့် သေခြာနေတဲ့ သတင်းတွေ ၊ ရည်ရွှယ်ချက်ကပြုပြင်စေခြင်တာပါ ၊ ဒါပေမယ့်ဗျာ မြန်မာ
နိုင်ငံမှာက  အာဏာပိုင် ဆိုသူတွေ ( ခေတ်အဆက်ဆက် ကိုရည်ရွှယ်ပါသည် ) လုပ်ပိုင်ခွင့် တစ်စုံတစ်ရာရှိ
နေတဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေဟာ နိုင်ငံသူနိုင်ငံသားများအပေါ်မှာ အကျိုးကျေးဇူးပြုတာထက်  ဆင်းရဲဒုက္ခ
များကိုသာ လိုသလောက် ထုတ်လုပ်ပေးနိုင်တဲ့ သူတွေသာ ခေတ်အဆက်ဆက် ပေါ်ထွန်း နေပါတယ်။
        မြန်မာနိုင်ငံထဲမှာပါဝင်နေတဲ့ တောင်တွင်းကြီးမြို့ ဟာလည်း ဒီလိုပါပဲ ။  ပြောရရင် ကိုယ့် အတွက် ဘယ်လောက် အကျိုးအမြတ်ကျန်မလဲ ဆိုတဲ့ တွက်ကိန်းမှာ သေခြာသွားပြီဆိုတော့ မှ လုပ်ငန်း တစ်ခုဟာ
အကောင်အထည် မြင်ရပါတယ် ၊ စေတနာ အလျှောက် ဆောင်ရွှက်ခဲ့တာလားဆိုတဲ့ မေးခွန်းကိုမေးခဲ့ရင်တော့၊ ကျွန်တော့် အမြင်ပြောရရင် မဟုတ်ဘူး
လို့ဘဲရှင်းရှင်းလင်းလင်း မြင်ထားပါတယ် ။ မိမိကိုယ်တိုင်သော်၎င်း ဆွေမျိုးသားခြင်း ပတ်သက်ရာ ပတ်သက်
ကြောင်းများရဲ့ အကျိုး အမြတ် အတွက်သော် ၎င်း ဆောင်ရွက်ကြပါတယ် ၊ ဒီနေ့ တောင်တွင်းကြီး မှာတော့
 ၂၀၁၅  အိမ်မက်တွေ မစားရ၀ခမန်း မက်နေကြလေသည် ၊ အမတ်ရူး ၊ ၀န်ကြီးရူး ၊ သမ္မတရူး ၊အထိပါသည်
တောင်တွင်းကြီးသားများခေတ်မီသည်ဟုဆိုရမည်။ အင်အားကြီးပါတီကြီးများ မှပါတီဝင်များ အမတ်နေရာ
လုကြသည့်အနံ့များ မြို့ထဲတွင် တစ်လှိုင်လှိုင်ဖြင့် သင်းပြန့်နေပြီ ၊ အချို့ကား ရာသက်ပန် မသေမခြင်းအမတ်  ၊ ရာသက်ပန်မသေမခြင်း ၀န်ကြီး ၊ ထိုသို့ဖြစ်လာရေးအတွက် ဖေါ်ရှိုးများ ၊ လေထဲတွင်
အမြှောက်ဖေါက်ပွဲများ ၊ ကျင်းပပြုလုပ်နေကြပြီ ၊ မြို့သူ မြို့သားအချို့ကားဤအရာကို အမှန်ဟု ထင်နေကြသည် ၊ကျွှန်တော် တွေးမိသည်မှာ မြန်မာတစ်နိုင်ငံလုံး
ယခု တောင်တွင်းကြီးမြို့ကဲ့သို့သော မြို့များနှင့်ချည်းသာဖွဲ့စည်းထားသော နိုင်ငံတော်ကြီးဖြစ်နေသည်ဟု
ဆိုခဲ့ပါလျှင် ---------------

Wednesday, January 30, 2013

ငွေ ငွေ ငွေ လောကမှာလေ ငွေ



လောကနီတိလာငွေနှင့်ပတ်သက်၍ ကုန်းဘောင်ခောတ်နှောင်းတွင်ထင်ရှားခဲ့သည့် ပညာရှင် တစ်ဦးဖြစ်သော ဖိုးသူတော် ဦးနု၏ သရော်စာလို့ပြောပြော သတိပေးစာဆိုဆို ဆုံးမစာခေါ်ခေါ်လင်္ကာတစ်ပုဒ်စပ်ဆိုခဲ့ဖူးသည်။
           ဒင်္ဂါး ၊ ဒင်္ဂါး ၊ ယင်းစကားမတော့  ဘင်္ဂလားခေါ် ၊ မျက်နှာပွင့်ဆေး သူပါရင်အေးတာမို့ ၊ အနုဆေးလို့လည်းခေါ်ကြပါရဲ့ ၊ မော်ချင်မော် ၊ကြွားချင်ကြွား ၊ စားချင်စား ၊သောက်ချင်သောက် ၊ စိတ်ရောက်သမျှကိုယ်ပါ ၊ လိုရာပြည့်စုံ့ ၊ လူပုံကလည်းချော ၊ အပြောလည်းကောင်း ၊ အရောင်းလည်းတတ် ၊ အမြတ်လည်းပါ ၊ အရာလည်းရ ၊ မဒ , လည်းများ ၊ စပါးလည်းရှိ ၊ အသိကလည်း လွန်ရိုသေ ၊ မိတ်ဆွေကလည်းအလွန်ချစ် ၊ အပြစ်ရှိသမျှပျောက်လို့ကွယ် ၊ အမျိုးအနွယ်တောင်မြင့်မြတ် ၊ အရပ်ရပ် လူ  နတ်  ၊ လူမော် လူပေါ် ၊ လူဆင့်၍ ဒင်္ဂါးမြင်ရင်ဖြင့် ကျော်ရော့ ၊ တော် တော် မဟုတ် ၊ ဟိတ်ကိုထုတ်ရမှာဖြင့်  ၊ တရုတ်သော ကုလားသော ဒင်္ဂါးပြရင် - ဘာဘူ ၊ နူနူရွှဲရွှဲ ၊ မည်းမည်းဖြူဖြူ    အဖေလောက်မက ၊ အဘိုးလောက်ပင်ကျသော်လည်း ၊ ဒင်္ဂါးပြရင် ကြည်ဖြူရော့ ၊ ဇမ္ဗူတွင်အညွှန့် ၊ တွန့်တွန့် တိုတို ၊ ဆိုဆို ဆဲဆဲ ၊  တစ်ရက်မချာ ၊ အသက်သာအောင် ၊ အရက်ပါတွဲအုံးတော့ ခွဲဖို့ဖြင့်မကြံ ၊ နှိပ်စက်သမျှ ၊  စိတ်လက်ချလို့မို့ ၊ အစစခံပါရဲ့ ၊ အမှန်စကား  ၊ သူမရှိလျှင် လူကဝိတောင် ပြားရမယ် ၊ မယားကလည်းမရိုသေ ၊ မိတ်ဆွှေကလည်းမျက်နှာလွှဲ ၊ လူမွှဲမို့လည်းဂုဏ်မရှိ ၊ အသိကလည်းမခေါ်ချင် ၊ စိတ်ထင်တိုင်းမပြီး ၊သားသမီးကိုမှဆုံးမလို့မရ ၊ လူအဖို့မပြောနိုင် ၊ မောမိုင်လို့တစ်ခွေခွေ ၊ သည်ငွေအရှာကြပ်တာမို့ ၊တစ်မတ်ကို တစ်ဆယ်ထင်မိ ၊ တစ်ကယ်ပင် ခင်ဗျားနှယ် ရှားရန်တော့ ၊ မရပါလျှင်ဘယ်ဟာစားရပ ၊ တစ်သပြာအလကားမှတ်မဲ့မသုံးချင်ဘု ၊ကျူပ်တို့လင်ရှာနိုင်လို့ မရှားပါတဲ့ ဟောသည်ဒင်္ဂါး သည်ဒင်္ဂါးရယ်လို့ ၊ လက်ဝါးပေါ်တင်ကာပြသည့်နှယ် ၊ လောကတွင် အညွှန့်ထားလို့မို့ ၊ ဒင်္ဂါးကိုတယ်မသုံးကြနင့် ၊ တစ်သက်လုံးမွဲပြာကျ၍ လူတစ်ကာအောက်တစ်လွှားမှာ ဆင်းရဲသားဖြစ်တတ်ပါတယ် ၊ တောင်း၍စား ဒင်္ဂါးမတွယ် ၊ ပိုက်ဆံပျက်ကဝယ်တတ်ပါတယ် ၊ မော်ရင်ကြွားရင်ဒင်္ဂါးကုန်မယ် ၊ အသွယ်သွယ် ဘယ်တွင်မမှားရအောင် ၊ မောင်မင်းကြီးကိုဒင်္ဂါး စဉ်းစား၍ သုံးတော်မူကြပါ ၊ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ။

Friday, January 18, 2013

ငါရှိနေတဲ့ ငါနေတဲ့မြို့


ငါဟာဒီမြို့လေးမှာမွေးခဲ့တယ်
ဒီမြို့လေးမှာပျော်တယ်
ဒီမြို့လေးမှာ
ကာရာအိုကေဆိုင်တွေမရှိဘူး
စူပါ မားကတ်မရှိဘူး
FTTH  မရှိဘူး
MAX WILL  မရှိဘူး
RED LINK မရှိဘူး
ADSL  မရှိဘူး
ဒါပေမယ့် I P  STAR  ရှိတယ်
SKY NET  ရှိတယ်  အဲဒါနဲ့
အင်တာနက် ကဖေးတွေရှိတယ်
မိုဘိုင်း ဖုန်းနဲ့သုံးတဲ့အင်တာနက် လိုင်းရှိတယ်
ဒီမြို့လေးမှာ
ကသာပ ဘုရားရှင်ရဲ့ဓါတ်တော်တွေရှိတယ်
ဘာမှ လုပ်စားမဖြစ်တဲ့ မြို့ကွက်သစ် တစ်ခုရှိတယ်
လက်စမသတ်နိုင်သေးတဲ့ မြို့နယ်ခန်းမကြီးရှိတယ်
ခေတ်တစ်ခေတ် မှာကျော်ကြားခဲ့တဲ့
ပေလေးပင် ရှင်လေးပါး ဆိုတာရှိတယ်
မျက်မှောက်ခေတ်မှာ
ပန်းချီ ဆွဲတဲ့သူ သီချင်းဆိုတဲ့သူ ကဗျာရေးတဲ့သူတွေရှိတယ်
ထန်းရည် အစစ်သောက်လို့ရတဲ့ထန်းတော ရှိတယ်
ဘီယာအစုံ ယမကာအကုန်ရှိတယ်
မြို့ပေါ်ကို ဈေးလာဝယ်တဲ့ ရွှာကားတွေရှိတယ်
- --  ---- ---- -----  ရှိတယ်
-----------------------ရှိတယ်
-----------------------------------ရှိတယ်
အေး  ---- ဟုတ်တယ်   ငါ နေတဲ့မြို့မှာ
ငါ ရှိနေခြင်းကသာ  အရေး အကြီးဆုံး ရှိခြင်းဖြစ်တယ် ။။  ။။