လောကနီတိလာငွေနှင့်ပတ်သက်၍ ကုန်းဘောင်ခောတ်နှောင်းတွင်ထင်ရှားခဲ့သည့် ပညာရှင်
တစ်ဦးဖြစ်သော ဖိုးသူတော် ဦးနု၏ သရော်စာလို့ပြောပြော သတိပေးစာဆိုဆို ဆုံးမစာခေါ်ခေါ်လင်္ကာတစ်ပုဒ်စပ်ဆိုခဲ့ဖူးသည်။
ဒင်္ဂါး ၊ ဒင်္ဂါး ၊ ယင်းစကားမတော့ ဘင်္ဂလားခေါ် ၊ မျက်နှာပွင့်ဆေး သူပါရင်အေးတာမို့ ၊
အနုဆေးလို့လည်းခေါ်ကြပါရဲ့ ၊ မော်ချင်မော် ၊ကြွားချင်ကြွား ၊ စားချင်စား ၊သောက်ချင်သောက်
၊ စိတ်ရောက်သမျှကိုယ်ပါ ၊ လိုရာပြည့်စုံ့ ၊ လူပုံကလည်းချော ၊ အပြောလည်းကောင်း ၊ အရောင်းလည်းတတ်
၊ အမြတ်လည်းပါ ၊ အရာလည်းရ ၊ မဒ , လည်းများ ၊ စပါးလည်းရှိ ၊ အသိကလည်း လွန်ရိုသေ ၊ မိတ်ဆွေကလည်းအလွန်ချစ်
၊ အပြစ်ရှိသမျှပျောက်လို့ကွယ် ၊ အမျိုးအနွယ်တောင်မြင့်မြတ် ၊ အရပ်ရပ် လူ နတ် ၊ လူမော်
လူပေါ် ၊ လူဆင့်၍ ဒင်္ဂါးမြင်ရင်ဖြင့် ကျော်ရော့ ၊ တော် တော် မဟုတ် ၊ ဟိတ်ကိုထုတ်ရမှာဖြင့် ၊ တရုတ်သော ကုလားသော ဒင်္ဂါးပြရင် - ဘာဘူ ၊ နူနူရွှဲရွှဲ
၊ မည်းမည်းဖြူဖြူ ၊ အဖေလောက်မက ၊ အဘိုးလောက်ပင်ကျသော်လည်း ၊ ဒင်္ဂါးပြရင်
ကြည်ဖြူရော့ ၊ ဇမ္ဗူတွင်အညွှန့် ၊ တွန့်တွန့် တိုတို ၊ ဆိုဆို ဆဲဆဲ ၊ တစ်ရက်မချာ ၊ အသက်သာအောင် ၊ အရက်ပါတွဲအုံးတော့ ခွဲဖို့ဖြင့်မကြံ
၊ နှိပ်စက်သမျှ ၊ စိတ်လက်ချလို့မို့ ၊ အစစခံပါရဲ့ ၊ အမှန်စကား ၊ သူမရှိလျှင် လူကဝိတောင် ပြားရမယ် ၊ မယားကလည်းမရိုသေ ၊ မိတ်ဆွှေကလည်းမျက်နှာလွှဲ
၊ လူမွှဲမို့လည်းဂုဏ်မရှိ ၊ အသိကလည်းမခေါ်ချင် ၊ စိတ်ထင်တိုင်းမပြီး ၊သားသမီးကိုမှဆုံးမလို့မရ
၊ လူအဖို့မပြောနိုင် ၊ မောမိုင်လို့တစ်ခွေခွေ ၊ သည်ငွေအရှာကြပ်တာမို့ ၊တစ်မတ်ကို တစ်ဆယ်ထင်မိ
၊ တစ်ကယ်ပင် ခင်ဗျားနှယ် ရှားရန်တော့ ၊ မရပါလျှင်ဘယ်ဟာစားရပ ၊ တစ်သပြာအလကားမှတ်မဲ့မသုံးချင်ဘု
၊ကျူပ်တို့လင်ရှာနိုင်လို့ မရှားပါတဲ့ ဟောသည်ဒင်္ဂါး သည်ဒင်္ဂါးရယ်လို့ ၊ လက်ဝါးပေါ်တင်ကာပြသည့်နှယ်
၊ လောကတွင် အညွှန့်ထားလို့မို့ ၊ ဒင်္ဂါးကိုတယ်မသုံးကြနင့် ၊ တစ်သက်လုံးမွဲပြာကျ၍ လူတစ်ကာအောက်တစ်လွှားမှာ
ဆင်းရဲသားဖြစ်တတ်ပါတယ် ၊ တောင်း၍စား ဒင်္ဂါးမတွယ် ၊ ပိုက်ဆံပျက်ကဝယ်တတ်ပါတယ် ၊ မော်ရင်ကြွားရင်ဒင်္ဂါးကုန်မယ်
၊ အသွယ်သွယ် ဘယ်တွင်မမှားရအောင် ၊ မောင်မင်းကြီးကိုဒင်္ဂါး စဉ်းစား၍ သုံးတော်မူကြပါ ၊
မိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ။